၂၀၁၆ အစီရင်ခံစာသည် မြန်မာနိုင်ငံရှိအကြီးဆုံးကုမ္ပဏီ ၁၀၀ ၏ ဝက်ဆိုဒ်များကို လေ့လာပြီး ကုမ္ပဏီ၏တရားဝင် ဝဘ်ဆိုဒ်များနှင့် တရားဝင်လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဖော်ပြထားသော အချက်များကို မူတည်ပြီး အမှတ်ပေးခြင်းဖြစ်ပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်တို့နှင့် သက်ဆိုင်သည့် မေးခွန်း ၃၅ခု 35 questions ကိုအသုံးပြုပါသည်။
၂၀၁၆ ပွင့်သစ်စ အစီရင်ခံစာကို Download လုပ်ရန်
သုတေသနအပြီးတွင် ကုမ္ပဏီများ၏ရလဒ်များနှင့် ပတ်သတ်ပြီး ကုမ္ပဏီများက မှတ်ချက်ပြုခဲ့ပါသည်။ အချက်အလက်များ ပိုမိုတင်ပြရန်နှင့် မရှိသေးပါက သင့်လျော်သော မူဝါဒများချမှတ် အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်းအားပေးပါသည်။ နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြနိုင်ရန်အတွက် ၎င်းတို့တွင် မရှိသေးသည့် မူဝါဒများကို ဦးစားပေးဖော်ပြရန် တိုက်တွန်းအားပေးခဲ့ပါသည်။
၂၀၁၆ခုနှစ်တွင် နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာ နှင့်အတူ မီနီပွင့်သစ်စ ကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းအစီအစဉ်သစ်သည် ပွင့်သစ်စ စီမံချက်တွင် မပါဝင်သည့် မိမိဆန္ဒအလျောက်ပါဝင်သော အလတ်စား လုပ်ငန်းများကို အမှတ်ပေးခဲ့ပါသည်။