>

အမေးအဖြေကဏ္ဍ

ပွင့်သစ်စဆိုသည်မှာအဘယ်နည်း။

ပွင့်သစ်စသည် မြန်မာကုမ္ပဏီကြီး ၂၅၀ ကျော်၏ ကုမ္ပဏီဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအချက်အလက် ထုတ်ကြေညာချက်များကို စိစစ်အကဲဖြတ်သည့် အစီရင်ခံစာတစ်ခုဖြစ်သည်။ အစီရင်ခံစာတွင် စတော့ အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများ၊  ပုဂ္ဂလိကပိုင် ကုမ္ပဏီများအခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများ၊ အရေးပါသော နိုင်ငံပိုင် ကုမ္ပဏီများ၊ မိမိ ဆန္ဒ အလျှောက်ပါ၀င်သည့် ကုမ္ပဏီငယ်များပါ၀င်ပါသည်။   အဆိုပါ အစီရင်ခံ စာ ကို ၂၀၁၄ ခုနှစ် တွင် ပထမဆုံး အကြိမ်ထုတ်ဝေခဲ့ပြီး ၊ ၂၀၂၄ ခုနှစ် အစီရင်ခံ စာသည် အဋ္ဌမ အကြိမ် မြောက်ထုတ်ဝေမှုဖြစ်ပါမည် ။

ပွင့်သစ်စရဲ့ရည်ရွယ်ချက်မှာ မည်သည်နည်း။

ပွင့်သစ်စရဲ့ ရည်ရွယ်ချက်က မြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် အခြားသော သတင်းအချက်အ လက်တွေ ကို အများသိစေရန် ထုတ်ဖော်ကြေညာခြင်းကို ပိုမို ဆောင်ရွက်လာစေရန် ယင်းတို့၏ ထုတ်ဖော်ကြေညာြခင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းကို အများသိစေရန် အသိအမှတ်ပြုခြင်းအားဖြင့် အားပေးခြင်းဖြစ်ပါသည်။ 

မြန်မာကုမ္ပဏီများအနေဖြင့် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကို အဘယ်ကြောင့် စိတ်ဝင်စားသင့်ပါသနည်း။ 

ရင်းနှီးမြှုပ်နှံသူများ၊ မြီရှင်များနှင့် အခြားအကျိုးသက်ဆိုင်သူများအား တိကျမှန်ကန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာ သတင်းချက်အလက်များကို ပေးဆောင်နိုင်သည့် ကုမ္ပဏီများသည် သာလွန်သော စီးပွားရေး အကျိုးတရားကို ရရှိလေ့ရှိပါသည်။ သတင်းအချက်အလက်များကို ထုတ်ဖော်ကြေညာခြင်း သည် အကျိုးသက်ဆိုင်သူ အသီးသီး၏ ယုံကြည်မှု တည်မြဲနေစေရန် အရေးပါလှသည်၊ အထူးအားဖြင့်  သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာလုပ်ဆောင်ချက်များကို ပိုမိုအလေးဂရုပြုသော အကျိုးသက်ဆိုင်သူများဖြစ်သည်။

ကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် ကောင်းမွန်သောအဆင့်များသည် ဘဏ်ကို ဝန်ဆောင်မှုကို ရရှိနိုင်သည်၊ အလုပ် လုပ်နိုင်သည်၊ အလုပ်လုပ်ရေးအချက်အလက်များကို ပြောပြပါမည်၊ နောက်ဆုံးအချက်အ လက်များ အားလုံး သည် ကျန်းမာရေးအဖြစ်ဖြစ်သော ကောင်းမွန်သောလူ့အခွင့်အရေးဖြစ်သည်။ ကောင်းသောကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် ကုမ္ပဏီနှင့်ပတ်သက်၍ ထုတ်ဖော်ကြေညာခြင်းသည် ဘဏ္ဍာငွေကြေးကိုလက်လှမ်းမီနိုင်မှု၊ အလုပ်အကိုင်များတည်မြဲမှုကို ထိန်းသိမ်းကာကွယ်ရေး အပြင်၊  ယေဘုယျအားဖြင့် ကောင်းသော ကော်ပိုရိတ်နိုင်ငံသားဖြစ်စေပါလိမ့်မည်။

ပွင့်သစ်စသည် ထိုရည်ရွယ်ချက်ကို အထမြောက်စေရန် မည်သို့ထောက်ပံ့မှုပြုနေပါသနည်း။   

ပွင့်သစ်စသည် ကုမ္ပဏီတစ်ခု အနေဖြင့် စံနှုန်းတစ်ရပ်နှင့် / သို့မဟုတ် စံသတ်မှတ်ချက်တစ်ရပ်ကို  အတိုင်းအတာ မည်မျှအထိလိုက်နာသည်ကို တိုင်းတာပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် ဖြစ်စေ၊ နိုင်ငံတကာ အဆင့်ဖြစ်စေ လိုက်နာရမည့်ကော်ပိုရိတ်စံများ၊ စံနှုန်းများ၊ သို့မဟုတ် တရားဥပဒေဆိုင်ရာ သတ်မှတ်ချက်များနှင့် ညီစေပါသည်။ ကုမ္ပဏီတစ်ခု၏ စီမံအုပ်ချုပ်မှုအလေ့အထများကို စိစစ်အကဲဖြတ်ခြင်းဖြင့်၊ အချိန်နှင့်အမျှ တိုးတက်လာမှုကို တိုင်းတာနိုင်ပြီး မတူညီသောကုမ္ပဏီများအား နှိုင်းယှဉ်ခြင်း သို့မဟုတ် အဆင့်သတ်မှတ်ချက်ကို ဆောင်ရွက်စေနိုင်သည်။

ပွင့်သစ်စတွင် ပါ၀င်သော ကုမ္ပဏီများကို  မည်သူက စိစစ်အကဲဖြတ်ခြင်း ဖြစ်ပါသနည်း။

မြန်မာ့ စီးပွားရေးကဏ္ဍ တာ၀န်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) နှင့် စီးပွားရေးရေရှည်တည်တံ့မှုအ တိုင်ပင်ခံ  Yever တို့အနေဖြင့် ပူးပေါင်းလျှက်  အဌမအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ တွင် ကုမ္ပဏီ (၂၅၀) ကျော်၏ သတင်းအချက်အလက် ထုတ်ဖော်ကြေညာမှုကို အကဲဖြတ်သွားမည် ဖြစ်ပါသည်။

အစီရင်ခံစာ ရေးသားသူများ၊ သို့မဟုတ် ပွင့်သစ်စအနေဖြင့် ၂၀၂၄ ပွင့်သစ်စ အစီရင်ခံစာတွင်ပါဝင်သောကုမ္ပဏီများကို ထောက်ခံမှုပြုခြင်းဖြစ်ပါသလား။

ထိုသို့ မဆိုလိုပါ။ မြန်မာ့ စီးပွားရေးကဏ္ဍ တာ၀န်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) နှင့် စီးပွားရေးရေရှည်တည်တံ့မှုအ တိုင်ပင်ခံ  Yever တို့အနေဖြင့် အစီရင်ခံစာတွင် ဖော်ပြပါရှိသော ကုမ္ပဏီများ ကို ထောက်ခံမှုပြုခြင်း မဟုတ်ပါ။ ၎င်းအပြင် အဆင့်သတ်မှတ်မှုများသည်လည်း လုပ်ငန်း၏ စီးပွားရေး အခြေအနေ သို့မဟုတ် ရေရှည်တည်တံ့မှုဆိုင်ရာ စွမ်းဆောင်ချက်ကို အကဲဖြတ်ခြင်းမဟုတ်ဘဲ ထိုကုမ္ပဏီများ၏  သီးခြားကုမ္ပဏီများကို ဖော်ပြခြင်းသည် ၎င်းတို့ကို MCRB သို့မဟုတ် Yever မှ အကြံပြုသည်ဟု မဆိုလိုပါ။ ၎င်းတို့၏ အများသိစေရန် ထုတ်ဖော် ကြေညာခြင်း ဆိုင်ရာ အလေ့အကျင့်များ အပေါ် သာ အာရုံစိုက်ထားခြင်းဖြစ်သည်။

ပွင့်သစ်စရဲ့ ကန့်သတ်ချက်များမှာ မည်သည် တို့ဖြစ်သနည်း။

ပွင့်သစ်စ၏ သုတေသန ပြုလုပ်သည့် နည်းစနစ်သည်လုပ်ငန်းတစ်ခုအနေဖြင့် ၎င်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ ကို လုံလောက်စွာ ရှင်းလင်း၊ပြည့်စုံစွာဖြင့် ထုတ်ဖော်ကြေညာထားခြင်းရှိမရှိ အကဲဖြတ်ခြင်းဖြစ်ပါသည်။ဤ နည်းစနစ် တွင် အများပြည်သူ ဖတ်ရှု သိရှိနိုင်သော အွန်လိုင်းချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို မှီခိုရပါသဖြင့် စာရွက်စာတမ်းဖြင့်သာ ထုတ်ထားသည့် အစီရင်ခံစာများတွင် ပါ၀င်သည့် အချက်အလက်များကို လွှမ်းခြုံနိုင်ခြင်းမရှိပေ။ ၂၀၂၂ ပွင့်သစ်စမှ စ၍ အချို့သော ထုတ်ဖော်ကြေညာမှု အရည်အသွေးဆိုင်ရာ ညွှန်ပြကိန်း များ အတွက် အပို အမှတ်များ ပေးနိုင်ရန် အားထုတ်ခဲ့ပါသော်လည်း သီးခြားစာရင်းစစ်မှ အတည်ပြုချက် ကိုရယူနိုင်ခြင်းမရှိပါက၊ ထိုသတင်းအချက်အလက်၏ ခိုင်မာမှုသည် မိမိဆန္ဒ အလျှောက် ထုတ်ဖော်ကြေညာခြင်း အပေါ်တွင်သာ တည်မှီနေပါသည်။

ပွင့်သစ်စတွင်ပါဝင်ရန် ကုမ္ပဏီများကို မည်သို့ရွေးချယ်ထားသနည်း။

သတ်မှတ်ချက် များနှင့် ကိုက်ညီသော ကုမ္ပဏီများအား ပွင့်သစ်စအစီရင်ခံစာတွင် အလိုအလျောက် အမည်စာရင်း ထည့်သွင်းပါသည်၊ ဖယ်ထုတ်ရန် ယန္တရား မရှိပါ။ ကုမ္ပဏီငယ်များသည် မိမိဆန္ဒ အလျှောက် ပါဝင်နိုင်ပါသည်။ ၂၀၂၂ ခုနှစ် ပွင့်သစ်စတွင် ကုမ္ပဏီ ၂၇၁ ခုကို စိစစ် အကဲဖြတ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပွင့်သစ်စတွင် အောက်ပါတို့ကို စိစစ်အကဲဖြတ်ပါမည်-

  • YSX (YSX – PLB) မှ ကြိုတင်စာရင်းသွင်းဘုတ် တွင် ဖော်ပြထားသော ကုမ္ပဏီများ
  • စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ
  • အများပိုင်ကုမ္ပဏီများ
  • ဘဏ်များနှင့် အာမခံ လုပ်ငန်းများ
  • ၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လအတွက် အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီ  ၁၀၀
  • နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOE)
  • စုစုပေါင်း ကုမ္ပဏီ ၂၄၅ ခု (မိမိဆန္ဒ အလျှောက်ပါ၀င်သော ကုမ္ပဏီများ မပါဝင်ပါ)

ပွင့်သစ်စ၂၀၂၂ တွင် ကုမ္ပဏီ စာရင်းအပြည့်အစုံကိုမျှဝေခြင်းမရှိဘဲ အဆင့် ထိပ်ဆုံး ကုမ္ပဏီ (၃၀) စာရင်းကို သာ မည်သည့် အတွက်အကြောင့် ထုတ်ပြန်ခဲ့သနည်း။

ယမန်နှစ်များတွင်လည်း ထိပ်ဆုံးကုမ္ပဏီး(၃၀) စာရင်းကိုသာထုတ်ပြန်ခဲ့ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏  လွန်ခဲ့သည့် (၇)နှစ် အတွေ့အကြုံ များအရ ထိပ်ဆုံးကုမ္ပဏီ(၃၀) ထက်နိမ့်သော  အဆင့်ရရှိ ကြသည့် ကုမ္ပဏီများသည် ယေဘုယျအားဖြင့် ပွင့်လင်းမြင်သာမှုတွင် ရမှတ်နည်းလေ့ရှိပြီး ပျမ်းမျှရမှတ်ထက် ရမှတ်နိမ့်သော ကုမ္ပဏီ များမှာ တစ်သီတစ်တန်း ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့် ကုမ္ပဏီမှ ထုတ်ဖော်ကြေညာခြင်းအတွက် ရမှတ် ပို ကောင်းသည် ပိုနည်းသည်ကို ဖော်ပြခြင်းသည် ထူးခြားလှခြင်းမရှိပါ။ ၂၀၂၀ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် စိစစ်အကဲဖြတ်ထားသော ကုမ္ပဏီစာရင်းနှင့်ရမှတ် များကို ဤလင့်ခ်တွင် ဒေါင်းလော့ဆွဲနိုင်ပါသည်။ ၂၀၂၂ ခုနှစ် ပွင့်သစ်စသည် ယခင်အစီရင်ခံစာများနည်းတူ မြန်မာ့ တည်ဆဲဥပဒေနှင့် စည်းမျဥ်း စည်းကမ်းမူဘောင်များနှင့် ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြခြင်းနှင့် အကြံပေးခြင်းများ မည်သည့်အတွက်ကြောင့် ထည့်သွင်းဖော်ပြမှု မပြုခဲ့သနည်း။ ၂၀၂၁နှင့် ၂၀၂၂ ခုနှစ် တို့တွင် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ပြောင်းလဲတိုးတက်မှု အနည်းငယ်ရှိခဲ့ပါသည်။ တည်ဆဲဥပဒေနှင့် စည်းမျဥ်း စည်းကမ်းမူဘောင်များ နှင့် ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြမှုကို ၂၀၂၀ခုနှစ် အစီရင်ခံစာတွင် ပါရှိခဲ့ပြီး ထိုစဥ်က အကြံပြုချက်အများစုသည် အကြုံး၀င်ဆဲဖြစ်ပါသည်။

Pwint Thit Sa 2022 သည် အစောပိုင်းအစီရင်ခံစာများကဲ့သို့ မူဝါဒနှင့် စည်းမျဉ်းဆိုင်ရာတိုးတက်မှုများကို အကဲဖြတ်ခြင်း သို့မဟုတ် အကြံပြုချက်များကို အဘယ်ကြောင့်မပေးခဲ့သနည်း။

2021 နှင့် 2022 ခုနှစ်များတွင် အဆိုပါကိစ္စရပ်များအတွက် မြန်မာနိုင်ငံတွင် တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါသည်။ 2020 အစီရင်ခံစာတွင်ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းမူဘောင်နှင့် အကြံပြုချက်များသည် အများအားဖြင့် အကျုံးဝင်ပါသည်။

၂၀၂၄ ခုနှစ် အစီရင်ခံစာထုတ်၀ေရန် အချိန်ဇယားမှာမည်သို့ရှိပါသနည်း။

သုတေသနပြုလုပ်ခြင်းအဆင့်နှင့် စိစစ်အကဲဖြတ်မည့် ကုမ္ပဏီများနှင့် ထိစပ်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တတိယ လေးလပတ်ကာလ တွင် ကုမ္ပဏီများအနေဖြင့် နှစ်ပတ်လည် အစီရင်ခံစာများကို ထုတ်ပြန်ရန် ဥပဒေအရ တာ၀န်ရှိမှုကို ထည့်သွင်းစဥ်းစားထားပါသဖြင့်၊ ၂၀၂၄ခုနှစ် နှစ် အကုန်ပိုင်းတွင် ပွင့်သစ်စကို ထုတ်၀ေသွားရန် ရည်မှန်းထားပါသည်။