၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီပေါင်း(၂၇၁)ခုကို စိစစ် အကဲဖြတ်နိုင်ခဲ့ပါသည်။ ပွင့်သစ်စ ၂၀၂၄ သည် စုစုပေါင်း ကုမ္ပဏီ ၂၄၅ ခု (မိမိဆန္ဒအလျှောက်ပါ၀င်သည့် ကုမ္ပဏီများ ပါ၀င်တွက်ချက်ထား ခြင်းမရှိပါ) ကို စိစစ်အကဲဖြတ်သွား မည်ဖြစ် ပြီး အောက်ဖေါ်ြပပါကုမ္ပဏီအမျိုးအစားများ ပါ၀င်မည်ဖြစ်ပါသည်- Yangon Stock Exchange ရန်ကုန် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ အစုရှယ်ယာ၀င် (၁၀၀)ထက် ပိုသော အများပိုင်ကုမ္ပဏီများ ငွေ ရေးကြေးရေး အဖွဲ့အစည်းများ (ဘဏ် နှင့် အာမခံကုမ္ပဏီများ) အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီ ၁၀၀ ခု (ဘဏ္ဍာနှစ် ၂၀၁၉ ၏ ပထမ ၆ လ ကိန်းဂဏန်းများကို အသုံးပြုပါမည်) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOE) YSX-PBL ရှိ ကုမ္ပဏီများကိုလည်း အမျိုးအစားအသစ်အနေဖြင့် ထည့်သွင်း စိစစ်အကဲဖြတ်သွား မည်ဖြစ်သည်။ ၂၀၂၄ခုနှစ်တွင် Fair Finance International နှင့် Fair Finance Asia ၏ ဆောင်ရွက်မှုများကို ထင်ဟပ်လျှက် ဘဏ်များ၏ ဘဏ္ဍာရေး/ချေးငွေ ကိစ္စရပ်များကို ပိုမိုအလေးဂရုပြုသွားပါမည်။
စိစစ်အကဲဖြတ်မှုတွင် ပါ၀င်သော ကုမ္ပဏီများစာရင်း
ယခင်နှစ်များနည်းတူပင် အထက်ဖော်ပြပါ ကုမ္ပဏီ အမျိုးအစားများတွင် ပါ၀င်ခြင်းမရှိသော အလတ်စားနှင့်အကြီးစား ကုမ္ပဏီများအနေဖြင့် မိမိတို့သဘောဆန္ဒအလျှောက် စိစစ်အကဲဖြတ်မှုတွင် ပါ၀င်ရန် တိုက်တွန်း လိုပါသည်။ မိမိတို့ဆန္ဒအလျှောက် စိစစ်အကဲဖြတ်မှုတွင် ပါ၀င်သော ကုမ္ပဏီများ၏ သဘောတူညီချက်ဖြင့်သာ ယင်းတို့၏ ရမှတ်များကို ပွင့်သစ်စတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာသည် ၂၀၂၂ ခုနှစ် အစီရင်ခံစာ နည်းတူ အောက်ဖော်ပြပါ သတင်းအချက်လက် (၄)မျိုးကို ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါသည် - ကော်ပိုရိတ်အကြောင်းအရာ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ စီမံ ခန့်ခွဲမှု အစီရင်ခံခြင်း ကဏ္ဍများဖြစ်ပါသည်။
Download the full set of criteria in English
စိစစ်အကဲဖြတ်မှုတွင် အသုံးပြုမည့် စံနှုန်းများ
ပိုမိုစုံလင်သော အချက်အလက်များကို မိတ်ဆက်တင်ဆက်မှုတွင် ဖတ်ရှုနိုင်ပါသည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာနှင့်စပ်လျဥ်းသော စိစစ်အကဲဖြတ်မည့် နည်းစနစ်နှင့် အချိန်ဇယားကို သက်ဆိုင်သည့် ကုမ္ပဏီများထံသို့ ဆက်သွယ် အကြောင်းကြားလျှက်ရှိပါသည်။ ပထမစိစစ်အကဲဖြတ်မှု၏ရလဒ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ကုမ္ပဏီများထံသို့ ပေးပို့မည်ဖြစ်ပြီး ပထမ စိစစ်အကဲဖြတ်မှု၏ရလဒ် ကို ဆွေးနွေးလိုပါက ဆွေးနွေးနိုင်ရန် အခွင့်အလမ်းကို ရရှိစေမည် ဖြစ်ပြီး၊ အပြီးသတ် စိစစ်အကဲဖြတ်မှု ပြုလုပ်မည့် ၂၀၂၄ ဇူလိုင်/သြဂုတ်လမတိုင်မီ ထပ်မံထုတ်ဖော်ကြေညာလိုသည့် အချက်အလက်များရှိပါကလည်း ထုတ်ဖော်ကြေညာနိုင်မည်ဖြစ်ပါသည်။
အဌမအကြိမ် ပွင့်သစ်စအစီရင်ခံစာကို ၂၀၂၄ခုနှစ် နို၀င်ဘာလတွင် ထုတ်၀ေရန် မျှော်မှန်းထားပါသည်။ အခြားသိရှိလိုသောအချက်များရှိပါက 2024@pwintthitsa.org သို့ဆက်သွယ် မေးမြန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။