စတုတ္ထအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ ကို မြန်မာအတိုင်ပင်ခံလုပ်ငန်း Yever နှင့် ပူးပေါင်းပြီး ၂၀၁၈ခုနှစ်မတ်လ ၂၆ရက်က ထုတ်ပြန်ခဲ့သည်။
၂၀၁၈ အစီရင်ခံစာကို နည်းစနစ်ပိုင်းတွင် ခေတ်နှင့်လျော်ညီအောင် ပြုပြင်ထားသည့်အပြင် အရေအတွက်ကိုလည်း တိုးမြှင့်ကာ မြန်မာအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Yever နှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ပါသည်။
၂၀၁၈ အစီရင်ခံစာတွင် အများပိုင်ကုမ္ပဏီများ၊ စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများ အပါအဝင် မြန်မာကုမ္ပဏီကြီး ၁၈၂ ခု၏ ဝဘ်ဆိုဒ်များပေါ်မှ သတင်းအချက်အလက်များ ထုတ်ဖော်ကြေညာထားမှုကို အမှတ်ပေးထားခြင်းဖြစ်သည်။ နောက်ဆုံးလုပ်ဆောင်ခဲ့သည့် ၂၀၁၆ ပွင့်သစ်စ အစီရင်ခံစာတွင် အမှတ်ပေးခဲ့သည့် ကုမ္ပဏီအရေအတွက်ထက် နှစ်ဆများပြားသလို အသုံးပြုသည့် စံသတ်မှတ်ချက်မှာလည်း နှစ်ဆ များပြားလာသည်။ ၎င်းအချက်က ပွင့်သစ်စအစီရင်ခံစာကို မြန်မာနိုင်ငံတွင် ကုမ္ပဏီစီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှုအခြေအနေနှင့် ပတ်သက်ပြီး ရည်မှန်းချက် အမြင့်မားဆုံးသော အများပြည်သူဆိုင်ရာ အစီရင်ခံစာတစ်စောင် ဖြစ်လာစေပါသည်။
၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာကို Download လုပ်ရန်
၂၀၁၈ အစီရင်ခံစာသည် အွန်လိုင်းပေါ်တွင် အများပြည်သူအလွယ်တကူရယူနိုင်သည့် သတင်းအချက်အလက်များ ထုတ်ဖော်ကြေညာထားခြင်းကို အမှတ်ပေးခြင်း ဟူသော မူကို တူညီစွာ အခြေခံထားသော်လည်း အမှတ်ပေးစည်းမျဉ်းကမူ ယခင်သုံးနှစ်က အစီရင်ခံစာများနှင့် ကွာခြားကာ အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုရမှတ်မှတ်တမ်း ကို အခြေခံထားသည်။ ၎င်းသည် မှတ်တမ်းကို မလေးရှား၊ ထိုင်း၊ဖိလစ်ပိုင်၊ အင်ဒိနီးရှားနှင့် စင်ကာပူတို့တွင်လည်း ကျင့်သုံးနေသည်။
၂၀၁၈ အစီရင်ခံစာတွင် အကဲဖြတ်ဆန်းစစ်ထားသော ကုမ္ပဏီများအနက် သတင်းအချက်အလက် ထုတ်ပြန်မှု အားအကောင်းဆုံး ထိပ်တန်း(၃)ခုမှာ FMI, CMHL နှင့် SPA တို့ဖြစ်သည်။ ယခင်ပွင့်သစ်စ အစီရင်ခံစာများတွင် ထိပ်တန်း ၁၀ နေရာ၌ ပုံမှန်ရှိနေသော ကုမ္ပဏီတို့သည် ယခုနှစ်တွင်လည်း ထုတ်ပြန်ကြေညာမှုပိုင်းတွင် အားစိုက်ထုတ်မှုများရှိသည်။ CMHL ဆိုလျှင် ၂၀၁၆တွင် နံပတ်(၈)နေရာသာရှိရာမှ ဒုတိယနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။