>
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ပထမဆုံး ပွင့်သစ်စ အစီရင်ခံစာကို ၂၀၁၄ ဇူလိုင်၂၂ တွင် ပထမဆုံး ထုတ်ဝေခဲ့သည်။
၎င်းအစီရင်ခံစာသည် မြန်မာကုမ္ပဏီများ၏ ဝက်ဆိုဒ်များတွင် ဖော်ပြထားသော တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအမူအကျင့်များကို ကြည့်ရှုခြင်းဖြစ်ပြီး Transparency International မှနည်းပညာ ယူထားခြင်းဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နှင့် ပတ်သက်ပြီး ၎င်းကုမ္ပဏီများ၏ ဝက်ဆိုဒ်များကို လေ့လာခြင်းဖြစ်သည်။
ပထမအကြိမ်မြောက် ၂၀၁၄ ပွင့်သစ်စ အစီရင်ခံစာကို Download လုပ်ရန်
၂၀၁၄ အစီရင်ခံစာအရ ထိပ်တန်းကုမ္ပဏီများဖြစ်သော ကမ္ဘောဇ၊ ပါရမီနှင့် မက်စ်မြန်မာ တို့က ၎င်းတို့၏ မူဝါဒများ၊ စံချိန်စံနှုန်းများနှင့် အလေ့အကျင့် များကို အများပြည်သူ သိရှိနိုင်အောင် သိသာထင်ရှားစွာ ပြသခြင်းဖြစ် သည်။ မည်သို့ဆိုစေကာမူ ကုမ္ပဏီ ၆၀အနက် ၂၅ ခုမှာ ဝက်ဆိုဒ် လုံးဝမရှိကြသဖြင့် လုံးဝပွင့်လင်းမြင်သာမှုမရှိသလို အမှတ်လည်းလုံးဝမရှိကြပေ။ ကုမ္ပဏီအချို့ကသာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့နှင့် ပတ်သက်ပြီး သတင်းအချက်အလက်အနည်းငယ်သာဖော်ပြ ထားကြသည်။ ကုမ္ပဏီများသည် လူ့အခွင့်အရေး၊ မြေယာသိမ်းဆည်းမှုနှင့် ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုတို့နှင့် ပတ်သက်လျှင် အမှတ်အနည်းငယ်သာရရှိခဲ့သည်။ ဌာနက ၎င်းတို့နှင့်ပတ်သက်ပြီး မူဝါဒ များနှင့် လုပ်ငန်း လုပ်ကိုင်ပုံများကို ကူညီပေးခဲ့သည်။