၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်၀ေခဲ့သည်။
ပဉ္စမအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ၂၀၁၉ခုနှစ်၊ ဧပြီ၃၀ရက်က ထုတ်ပြန်လိုက်သည်။
၂၀၁၉ ပွင့်သစ်စတွင်
မြန်မာစီးပွားရေးလုပ်ငန်းပေါင်း ၂၄၈ ခု၏ ဝဘ်ဆိုဒ်များကို လေ့လာအကဲဖြတ်ထားပါသည်။
၎င်းအချက်က ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာကို စီးပွားရေးလုပ်ငန်းဆိုင်ရာ
ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပတ်သက်ပြီး ရည်မှန်းချက် အမြင့်ဆုံး
အများပြည်သူဆိုင်ရာ အစီရင်ခံစာဖြစ်စေပါသည်။
၂၀၁၉ ပွင့်သစ်စအစီရင်ခံစာကို Download လုပ်ရန်
၂၀၁၈တွင် အကဲဖြတ်ခဲ့သည့် ကုမ္ပဏီအရေအတွက်ထက် ၂၀၁၉ခုနှစ်တွင် ကုမ္ပဏီ၆၆ခုပိုများခဲ့သည်။ အသုံးပြုသည့် မေးခွန်းနှင့် စံသတ်မှတ်ချက်ကလည်း နှစ်ဆပိုများခဲ့သည်။ စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ ငါးခု၊ အများပိုင် ကုမ္ပဏီ ၅၅ခု နှင့် ပုဂ္ဂလိကပိုင် ဖြစ်သော ထင်ရှားပြီး အခွန်အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီ ၁၆၀ ပါဝင်သည်။ ထို့အပြင် ( (Irrawaddy Green Towers, KMD and Proven) ကဲ့သို့သော ဆန္ဒအလျောက်အကဲဖြတ်ခံယူသည့် လုပ်ငန်းများလည်း ပါဝင်သည်။ အစိုးရပိုင်လုပ်ငန်း ၂၈ခု လည်း ပထမဆုံးအကြိမ် အဖြစ်ပါဝင်သည်။
နောက်ဆက်တွဲ (၁) တွင် ကုမ္ပဏီ စာရင်းကို ဖော်ပြထားပါသည်။
၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာ စစ်တမ်း လုပ်ဆောင်ပုံနည်းလမ်းသည် ၂၀၁၈ ကနည်းလမ်းကိုပင် ဆက်လက်အသုံးပြု ထားပါသည်။၎င်းသည် ဒေသတွင်းနိုင်ငံများတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကို အကဲဖြတ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုသည့် အာဆီယံကော်ပိုရိတ်စီမံအုပ်ချုပ်မှု စစ်တမ်းကိုအခြေပြုထားသည်။ ၎င်းကို လက်ရှိတွင် မြန်မာနိုင်ငံမှ အုပ်ချုပ်သူများကလည်း အသုံးပြုပြီး ကြီးမားသော လုပ်ငန်း၂၄ ခုကို အကဲဖြတ်ခဲ့ကာ မြန်မာနိုင်ငံကော်ပိုရိတ် စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း အစီရင်ခံစာကို ထုတ်ပြန်ထားသည်။
သို့သော် ၎င်းကို ပွင့်သစ်စတွင် အပြည့်အဝမသုံးစွဲဘဲ Integrated Reporting Framework ပေါင်းစည်းအစီရင်ခံမှုတွင်သုံးသည့် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သော စွမ်းဆောင်ရည်ကို အမှတ်ပိုပေးထားပါသည်။ ၎င်းသည် ထိပ်တန်း ရောက်ခဲ့သော ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကို ပိုပြီးတိုးမြှင့်စေပြီး ၂၀၁၈တွင် ဆောင်ရွက်ခဲ့သကဲ့သို့ပင် မြန်မာအစိုးရ ရေရှည်ဖွံဖြိုးတိုးတက်မှု အစီအစဉ်ကို ရောင်ပြန်ဟပ်စေပါသည်။
နောက်ဆက်တွဲ (၂)တွင် ကုမ္ပဏီကို စစ်ဆေးသည့် အမှတ်ပေးစည်းမျဉ်း ၁၄၂ ခု ကို ဖော်ပြထားပါသည်။ ကော်ပိုရိတ် အကြောင်းအရာ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တဲ့ ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်းစသည်ဖြင့် အုပ်စု ၄ခုခွဲထားပါသည်။
ကုမ္ပဏီအရေအတွက် များပြားလာခြင်းနှင့် အမှတ်ပေးစည်းမျဉ်းပိုမိုတင်းကြပ်လာခြင်းကြောင့် ထုတ်ဖော်တင်ပြမှုများ မလျေ့ာကျသည့်တိုင် ၂၀၁၈ခုနှစ်တွင် ပျမ်းမျှရမှတ် ၇ ရခိုင်နှုန်းရှိရာမှ ၂၀၁၉တွင် ပျမ်းမျှရမှတ် ၅ ရာခိုင်နှုန်းသာရှိတော့သည်။
ထို့အပြင် အဂတိလိုက်စားမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းနှင့်အကျိုးအမြတ်ပိုင်ဆိုင်မှုစသည့် ကော်ပိုရိတ်စီမံအုပ်ချုပ်နှင့် သက်ဆိုင်သည့် လက်ရှိဖြစ်ပေါ်နေသော စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်များကိုပါ မီးမောင်းထိုးပြထားသည်။ ပွင့်သစ် ၂၀၁၉တွင်လည်း ကုမ္ပဏီများ၊အစိုးရနှင့် အခြား ဆက်နွယ်ပတ်သက်သူများအတွက် အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားပါသည်။
ရန်ကုန်မြို့တွင်၂၀၁၈ စက်တင်ဘာ ၁၀ရက်က သုတေသနစတင်ကြောင်း ကုမ္ပဏီများကို ရှင်းလင်းတင်းပြခြင်းနှင့် မိတ်ဆက်ခဲ့ပြီး ရလဒ်များကို ၂၀၁၉တွင် ထုတ်ပြန်ရန် စီစဉ်ခဲ့သည်။ ကုမ္ပဏီနှင့်သက်ဆိုင်သည့် အချက်အလက်များ ၊ အကဲဖြတ်သည့် အချက်အလက်များနှင့် မေးလေ့ရှိသည့် မေးခွန်းများကို MCRB နှင့် Yever ဝဘ်ဆိုဒ်များတွင် ဖော်ပြထားသည်။ ၂၀၁၉ တွင်အသုံးပြုမည့် နည်းနာများနှင့် ပတ်သက်ပြီး အကဲဖြတ်ခံရမည့် (ဆက်သွယ်ရန်လိပ်စာရှိသည့်) ကုမ္ပဏီများထံ MCRB က စက်တင်ဘာလတွင် စာများပေးပို့ခဲ့သည်။ ပထမအကြိမ် အမှတ်စာရင်းမူကြမ်းများကို ၂၀၁၉ ဇန်နဝါရီလတွင် ပေးပို့ခဲပြီး မတ်လတွင် နောက်ဆုံးထားကာ ဝဘ်ဆိုဒ်များကိုပြုပြင်တိုးတက်မှုရှိစေရန် အကြံပြုခဲ့သည်။ ကုမ္ပဏီ ၄၀ ကျော်က MCRB/Yeverထံဆက်သွယ်ကာ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ဲခ့သည်။