ပွင့်သစ်စသည် မြန်မာစီးပွားရေးလုပ်ငန်းများ အနေဖြင့် ပွင့်လင်းမြင်သာသော အလေ့အထများရှိစေရန်အတွက် ၂၀၁၄ခုနှစ်မှ စ၍ အားပေးခဲ့ပါသည်။ ပွင့်သစ်စအစီရင်ခံစာ၏ရည်ရွယ်ချက်မှာ မြန်မာကုမ္ပဏီများ အနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးနှင့် မသက်ဆိုင်သောအချက်အလက်များနှင့် ပတ်သက်၍ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုပိုမိုရှိကြောင်း အများပြည်သူမှ အသိအမှတ်ပြုခြင်းအားဖြင့် ယင်းတို့၏ပွင့်လင်းမြင်သာမှုကို အားပေးလှုံ့ဆော်လိုခြင်း ဖြစ်သည်။ ကုမ္ပဏီများအား အကဲဖြတ်ရာတွင် ဒေသနှင့် နိုင်ငံတကာကော်ပိုရိတ် ပွင့်လင်းမြင်သာမှု စံနှုန်း များနှင့် နှိုင်းယှဥ် စိစစ်အကဲဖြတ်သွားပါမည်။ (ပိုမိုစုံလင်သော အချက်အလက်များကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ ) ၂၀၂၄ ခုနှစ်အတွက် အကဲဖြတ်မည့် စံနှုန်းသစ် ၁၄ ချက်ကို ဖြည့်စွက် ထည့်သွင်းထားရာ စုစုပေါင်း စံနှုန်း ၁၆၀ဖြင့် အကဲဖြတ်သွားမည် ဖြစ်ပါသည်။
ယခုတစ်ကြိမ် အကဲဖြတ်မှုကို မြန်မာ့စီးပွားရေးကဏ္ဍ တာ၀န်ယူမှုရှိရေး အထောက်အကူပြုဌာန နှင့် ထိပ်တန်းစီးပွားရေးရေရှည်တည်တံ့မှုအတိုင်ပင်ခံတစ်ခု ဖြစ်သော Yeverအနေဖြင့် ပဥ္စမအကြိမ်မြောက် လုပ်အားပေးလျှက် မြန်မာကုမ္ပဏီများ မှ အွန်လိုင်း တွင် အများပြည်သူသိစေရန် ဖော်ပြချက်ထားချက်များ စိစစ်သွားမည် ဖြစ်ပါသည်။
ယခုအချိန်ကာလတွင် ကုမ္ပဏီများသည် စိန်ခေါ်မှုများစွာကိုကြုံတွေ့နေရပါသည်။ ထိုသို့သော စိန်ခေါ်မှုများပြားနေသောကာလတွင် ကောင်းသောကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ယင်းတွင် တိကျစွာနှင့် အချိန်နှင့်တစ်ပြေးညီဆက်သွယ်မှုသည် ပိုမို၍ပင် အရေးကြီးလှသည်။ မြန်မာကုမ္ပဏီများအနေဖြင့် မိမိတို့၏ ကုမ္ပဏီ၀က်ဘ်ဆိုက်များကို အသုံးပြုလျက် မိမိတို့၏ စီမံအုပ်ချုပ်မှု၊ မူ၀ါဒများ၊ပိုင်ဆိုင်မှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ(ကုမ္ပဏီမှ ယခင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခြင်းမရှိသော ကိစ္စရပ်များ)ကို ဖော်ပြခြင်းအားဖြင့် အကျိုးသက်ဆိုင်သူတို့၏ ဆုံးရှုံးနိုင်ခြေတို့ကို ကောင်းစွာစီမံခန့်ခွဲရန် အထောက်အကူဖြစ်စေပါမည်။ အထူးသဖြင့် ယခုကဲ့သို့သောကာလတွင် ကောလဟာလနှင့် မဟုတ်မမှန်သတင်းများကြောင့် ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် ၀န်ထမ်းများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်ပါသည်။ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုသည် မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်ရေးကိုလည်း အထောက်အကူပြုစေပြီး၊ မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ မီဒီယာမှလည်း ပိုမိုကောင်းစွာသိရှိလျက် ရေးသားခြင်းကိုလည်း အထောက်အကူဖြစ်စေပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ အလေ့အကျင့်များအား လက်ရှိအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီသွားနိုင်ရန် ရည်ရွယ်ပါသည်။
ပွင့်သစ်စ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ ၊ အာရှနှင့် ကမ္ဘာတစ်လွှား တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံနှင့် ထုတ်ဖော်ကြေညာခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍လည်း ဖြစ်ပေါ်တိုးတက်မှုများကို မီးမောင်းထိုး ပြလေ့ရှိပါသည်။မြန်မာ့တည်ဆဲဥပဒေနှင့် စည်းမျဥ်း စည်းကမ်းမူဘောင်များနှင့် ပတ်သက်၍ ၊ ၂၀၂၀ ပွင့်သစ်စ အစီရင်ခံစာတွင် အကျဉ်းချုပ်ဖော်ပြပါရှိခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၂၀ ရက်နေ့တွင် ထုတ်၀ေခဲ့သည်။
ဆဌမအကြိမ်မြောက် ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်၀ေခဲ့သည်။
စတုတ္ထအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ ကို မြန်မာအတိုင်ပင်ခံလုပ်ငန်း Yever နှင့် ပူးပေါင်းပြီး ၂၀၁၈ခုနှစ်မတ်လ ၂၆ရက်က ထုတ်ပြန်ခဲ့သည်။
တတိယအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ထုတ်၀ေခဲ့သည်။
၂၀၁၅ ပွင့်သစ်စ အစီရင်ခံစာကို ၂၀၁၅ ဇူလိုင်၂၀တွင်ထုတ်ပြန်ခဲ့သည်။